အပျိုဖြစ်စ သူဌေးသမီးလေး
ရန်ကုန်မြို့၌ ကြယ်တံခွန် တီးဟောက်စ်ဆိုလျှင် သားသားနားနားနှင့် အကောင်းဆုံးဆိုင်ဟု လူသိများသည်။ ပိုင်ရှင်မှာ ဦးမြနောင်နှင့် ဒေါ်သန်းကြွယ်တို့ဖြစ်ပြီး သမီး ချိုလဲ့ဆိုသော အပျိုမလေး သာရှိသည်။ ကလေးစိတ်မကုန်သေးသော အပျိုမလေး မြီးကောင်ပေါက်မလေး အရွယ်ပင်။ အောင်အောင်မှာ အစ်မတစ်ယောက်ရဲ့ ဆက်သွယ်ပေးမှုကြောင့် ထိုဆိုင်တွင် ကက်ရှာဟုခေါ်သော ငွေသိမ်းကောင်တာ ထိုင်ရသော အလုပ်ကို ရရှိသည်။ ဆိုင်အိပ်ဆိုင်စားနှင့် မပူမပင် နေရ၏။ အောင်အောင်က အပြောအဆို မွန်ရည်ပြေပြစ်မှု၊ အနေအထိုင် သိမ်မွေ့နူးညံ့မှု၊ သစ္စာရှိမှုတို့ကြောင့် သူ့အလုပ်ရှင်က ချစ်ခင်သနားကြသည်။ မိသားစုပမာ ပျော်ရွှင်စွာ နေထိုင်ကြသည်။ ချိုလဲ့လေးမှာလည်း တစ်ကောင်ကြွက်မို့ အောင်အောင်အား အစ်ကိုရင်းတစ်ယောက်ပမာ ချစ်ခင်၏။ နွဲ့ဆိုး ဆိုးတတ်၏။ ချိုလဲ့ စိတ်ကြိုက်မှန်သမျှ အောင်အောင်ကလည်း အလိုလိုက်သည်။ အဖေအမေများ မအားသောအခါ၌ အောင်အောင်ကပင် ရုပ်ရှင် … Read more