အလှ ထိပ်ခေါင် ဘုရင်မ
ဒေါ်လွင်မာထက် ဆိုသည်မှာ ‘ထက်’ ဆောက်လုပ်ရေး ကုမ္ပဏီကြီး၏ ပိုင်ရှင်လည်း ဖြစ်သည်။ သူမသည် ကိုယ်တိုင်က အင်ဂျင်နီယာတစ်ဦး ဖြစ်သည့်အပြင် ပြည်ပသို့လည်း အကြိမ်ကြိမ် သွားရောက်၍ သင်တန်းအမျိုးမျိုး တက်ရောက်အောင်မြင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ သူမသည် လုပ်ငန်းလုပ်ရာတွင် စေ့စပ်သေချာသည်။ တိကျ ပြတ်သားသည်။ စေတနာ ကောင်းသည်။ လုပ်ငန်းနှင့် ပတ်သက်လျှင် မည်သူ့ကိုမှ အားမနာတတ်။ တိတိကျကျ ဆောင်ရွက်တတ်သည်။ လွင်မာထက်၏ လက်ထက်ကြမှ ကုမ္ပဏီ၏ လုပ်ငန်းများသည် အံသြဖွယ် အောင်မြင်၍လာရပြန်တော့ လွင်မာထက်၏ ဂုဏ်သတင်းက စီးပွားရေး လောကတွင် သတင်းကြီးခဲ့သည်။ ထိုဂုဏ်သတင်းတို့တွင် လွင်မာထက်၏ ဆောင်ရွက်မှု အောင်မြင်မှု၊ အရည်အချင်းရှိမှုတွေသာမက သူမ၏အလှဂုဏ် သတင်းကလည်း ကြီးမားလှသည်။ အသက် (၂၆) နှစ်အရွယ် လွင်မာထက်သည် ငယ်စဉ်ကလို … Read more