အထက်တန်းအောင်ပီးစကာလပေါ့။ ကျနော့်ဇတ်လမ်းစတာက။ငယ်ငယ်ကထဲက သင်လိုက်ရတဲ့တူရိယာတွေစုံနေတာပဲ.. တယော၊ဟာမိုနီကာ၊ဂစ်တာ စုံနေတာပဲ။ တအားဝါသနာကြီးတဲ့ကလေးလို.တော့မထင်နဲ.နော်။ ကျနော့်ဖေဖေကတောမြို.လေးမှာလူပျိုဘဝကတော်တော်လေးနာမည်ကြီးတဲ့ဂစ်တာသမား၊မေမေက ဘုရားကျောင်းကတယောဆရာမလေးဖြစ်ခဲ့ဖူးတော့ကျနော့်ခမျာလူမှန်းသိတတ် စကတည်းကမိဘတွေရဲ.အတင်းအကျပ်သင်ကြားမှုအောက်မှာကစားချိန်တောင်မရှိခဲ့ဖူးဗျ။ သူများတွေကျောင်းဆင်းလာလို.ဘောလုံးကန်ကြ၊စွန်လွှတ်ကြ၊ကစားကြပီဆိုကျနော့်မှာမျက်ရည် နဲ.မျက်ခွက်။ အိမ်ကမြို.ရဲ.ဘောလူံးကွင်းနဲ.မျက်နာချင်းဆိုင်ဆိုတော့ပြူတင်းပေါက်ကနေတခြားကလေးတွေဆော့နေတာကိုငေးကြည့်ပီး ပဲပင်ပေါက်နုတ်စ်တွေဖတ် ဝမ်းအန်တူးအန် ဘာညာ ဆိုပီးတိုင်မင်ရေနေခဲ့ရတဲ့ဘဝပေါ့။ လူပျိုပေါက်ဖြစ်လာတော့ထိုက်သင့်သလောက်တီးတတ်ခတ်တတ်လာတယ်။ ဟာမိုနီကာမှာဆရာတဆူပေါ့လေ(ဟီးကြွားတာနော်) ၊ ဂစ်တာမှာလည်းတော်တော်လေးဟုတ်လာတာပေါ့လေ (Eric Clapton: လောက်တော့မကျွမ်းဘူးပေါ့ တောမြို.လေးမှာနာမည်ကြီးတဲ့တောကျော်ပေါ့လေ) ၊ တယောလား?? အမှန်တိုင်းပြောရရင်နှစ်တွေအကြာကြီး ဒုက္ခခံလိုက်ရတာပဲရှိတယ်ခုထိ မရပါဘူးဗျာ။ ကျနော်ကိုယ်တိုင်ကလည်း ဂန္တဝင်ဂီတကိုတယောလေးနဲ.အိညောင်အိညောင်ထိုးရတာကိုမကြိုက်၊စပီးကျင့်စဆို တယောကိုမေးနဲ.ညှပ်ထားရတာကိုက ဆန်အိတ်ကြီးထမ်းနေရသလိုပင်ပန်းဆင်းရဲလိုက်ရတာဗျာ။ အထက်တန်းစာမေးပွဲပီးတော့ကျနော်လည်းယောင်ချာချာဖြစ်နေတာဗျ။ ဖေဖေနဲ.မေမေကသူတို.အလုပ်တွေနဲ.သူတို.မအား(နယ်စပ်ဆိုတော့ကုန်ရောင်းကုန်ဝယ်ပေါ့ဗျာ) ကျနော့်ကိုလည်း ဂရုမစိုက်အား၊သူတို.အလုပ်မှာဝိုင်းကူပေးပါ့မယ်ဆိုတာလည်းလက်မခံပဲ နောက်ထပ်ဇတ်လမ်းတစ်ခုထွင်လာပြန်တယ်။ Piano တီးသင်ရမယ်တဲ့ဗျာ။ ကြားကြားချင်းစိတ်လေသွားတယ်။ ကြည့် လည်းလုပ်ကြပါဦးဗျာလို.။တသက်လုံးဒီတူရိယါတွေနဲ.ပဲအချိန်ကုန်ရတော့မှာလားမသိတော့ပါဘူး။ မေမေကမရဘူးဗျ.. ထုံးစံအတိုင်းအာဏာနဲ. ဟေ့ကောင်.. F-ကလပ်(တယော) ကော၊ G-ကလပ်(ဂီတာ) ကောနင်နားလည်ပီးသား၊ ပီယာနိုက C-ကလပ်နုတ်စ်နဲ.သွားတာ..သွားသင်ချေ..ခဏလေးနဲ.တတ်မှာဆိုပီး အမိန်.ချတော်မူတယ်။ အဲ့ဒီတော့ကာ ဆရာဗန်းမော်တင်အောင် … Read more