ဟင်းသီးဟင်းရွက် အသားငါးများကို ရပ်ကွက်ဈေးတွေထက် supermarket တွေမှာ ဝယ်ယူသူများပြားလာ
ယခုနောက်ပိုင်းတွင် လက်လီစျေးများထက် စျေးနှုန်းသက်သာလာခြင်းကြောင့်လည်း စျေးဝယ်စင်တာများရှိ အသားငါးရောင်းချရာ Market များတွင် ဝယ်ယူသူများကို အများအပြားတွေ့လာရကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။ လက်လီစျေးများအတွင်းတွင် စျေးနှုန်းမြင့်မားမှုအပြင် အချို့သော စျေးသည်များမှာ အလေးခိုးခြင်း၊ ယခင်ရက်ကျန် ဖြစ်သည့် မလတ်ဆတ်သော အသားများကိုရောနှောရောင်းချလာခြင်း၊ ရေထိုးရောင်းခြင်း စသည့် ဒုက္ခများအတွက် စိတ်သောက ရောက်စရာမလိုသည့် Market များအတွင်း ရွေးချယ်ဝယ်ယူလာကြခြင်းဖြစ်ကြောင်း ဝယ်သူများက ဆိုကြသည်။ စျေးဝယ်စင်တာများရှိ Market များတွင် ရောင်းချသော အသားငါးများမှာ လက်လီစျေးများကဲ့သို့ ပိဿာချိန်ဖြင့် ရောင်းချခြင်းမျိုးမရှိဘဲ ကီလိုဂရမ်အချိန်အဆများဖြင့်ရောင်းချခြင်းလည်းဖြစ်ပြီး လိုချင်သည့်အစိတ်အပိုင်းအလိုက် ခုတ်ထစ်သန့်စင်ထားမှုရှိသလို လတ်ဆတ်မှုအတွက် အာမခံချက်အပြည့်ပေးထားလျက်ရှိသည်။ ဝယ်သူများမှလည်း မိမိဝယ်ယူချင်သည့် ပမာဏကို အဆင်ပြေအောင် ချိန်ဆတွက်ချက်နိုင်စေရန် ၁၀ ကျပ်သားမှာ ၁၆၀ ဂရမ်ခန့်၊ ၂၅ ကျပ်သားမှာ ၄၁၀ … Read more